G-talk ဆိုတာမြန်မာနိုင်ငံမှာ ရှိတဲ့သူတွေနဲ့ အရင်းနှီးဆုံးပါ..။ အင်တာနက် စတင်အသုံးပြုကြပြီဆိုကတည်းက G-talk ကို အသုံးပြုကြတာများပါတယ်..။ ကျွန်တော် အခုတင်ပေးမယ့်နည်းလမ်းလေးကတော့ Gtalk မှာ မြန်မာ font မမြင်ရတဲ့သူတွေအတွက် ဖြစ်ပါတယ်..။
ကျွန်တော်လည်း အရင်က အဲ့ဒီပြသနာဖြစ်ဖူးပါတယ်..။ Gtalk မှာ ကိုယ်ရိုက်လိုက်ရင်မြင်ရပြီး သူများပြန်ရိုက်လိုက်တဲ့ဟာကိုလေးထောင့်တုန်းလေးတွေပဲမြင်ရပါတယ်..။ အဲ့ဒီတော့ သူဘာရိုက်ထားလဲဆိုတာသိ ချင်ရင် အဲ့ဒီလေးထောင့်ကွက်လေးတွေကို copy ယူပြီး typing ကွက်ထဲမှာ paste လုပ်ပြီး ပြန်ကြည့်ရပါတယ်..။ Gtalk ထဲမှာရှိတဲ့ setting> change Font မှာလည်း zawgyi font ပြောင်းထားပေမယ့် အဆင်မပြေပါဘူး..။
အဲ့ဒီပြသနာ ဖြေရှင်းဖို့က လွယ်ပါတယ်..။ ဒါက Internet Explorer မှာ ရှိတဲ့ Font System နဲ့ ညှိနေလို့ပါ..။ Internet Explorer ကို ဖွင့်လိုက်ပါ..။ setting (Alt + X) ကိုနှိပ်ပြီး Internet Options ကိုရွေးပါ..။
အောက်ကဆုံးက Font ဆိုတာလေးနှိပ်ပြီး Webpage Font မှာ ZawgyiOne ဆိုတာလေးရွေးပေးလိုက်ပါ..။
ကဲ..သင့် Gtalk ကိုပြန်ကြည့်ကြည့်ပါ…။ အိုကေမှာ စိုပြေနေပါလိမ့်မယ်…။
No comments:
Post a Comment