Friday, July 18, 2014

ADB (Android Debugger Bridge)

ADB သို့မဟုတ် Android Debugger Bridge ဆိုတာက Android ဖုန်းတစ်လုံးကို Computer ကစေခိုင်းဖို့အတွက် အခြေခံအကျဆုံး Application လေးဖြစ်ပါတယ်။
ADB ကို Android SDK ရဲ့ Platform-tools ဆိုတဲ့ Folder ထဲမှာတွေ့နိုင်ပါတယ်။ Android SDK မရှိသူများ SDK ကို ဒီမှာဒေါင်းနိုင်ပါတယ်။ SDK မသုံးဘဲ ADB ပဲလိုချင်ရင်တော့ ဒီမှာ ဒေါင်းပါ။
ဒီထဲမှာ adb, aapt & fastboot ဆိုတဲ့ အသုံးဝင်တဲ့ Command Tool 3ခုထည့်ပေးထားပါတယ်။

adb ကိုအသုံးပြုဖို့အတွက် ပထမဆုံး System Environment ထဲက Path ထဲမှာ အစောက Download လုပ်ထားတဲ့ ADB ရဲ့ Path ကိုထည့်ပေးထားရပါမယ်။ System environment ပြောင်းနည်းကို ဒီမှာ အသေးစိတ်ဖေါ်ပြပေးထားပါတယ်။

environment ကိုပြုပြင်ပြီးပြီဆိုရင်တော့ ADB အလုပ်လုပ်မလုပ်ပထမဆုံးစမ်းပါမယ်။
  Phone ကို USB ကြိုးမှတဆင့် Computer ကိုချိတ်လိုက်ပါ။
  CMD ကို ဖွင့်ပါ။ (Win+R ကိုနှိပ်လိုက်လို့ Run dialog ကျလာရင် CMD လို့ရိုက်ထည့်ပြီး OK ပေးပါ။)
  CMD မှာ adb devices လို့ရိုက်ကြည့်ပါ။
      အဲဒီမှာ List of devices attached ဆိုတဲ့ Line ရဲ့အောက်မှာ Computer နဲ့ချိတ်ထားတဲ့ Android Devices တွေနဲ့ Emulator တွေကို တန်းဆီဖေါ်ပြပေးပါမယ်။





 တကယ်လို့ အဲဒီစာတန်းအောက်မှာ ဘာမှမပေါ်လာရင်တော့ သင့်ဖုန်းကို Computer က မသိလို့ဖြစ်ပါတယ်။ အဲဒါဆို ဖုန်းနဲ့သက်ဆိုင်ရာ Driver ကို Install လုပ်ပေးရမှာပါ။


တကယ်လို့ "adb is not recognized as an internal or external command, ..." ဒါမှမဟုတ် "Bad command or parameter" လု့်ပေါ်လာရင်တော့ System Environment Setting ကိုမပြင်ရသေးလို့ (မမှန်သေးလို့ဖြစ်ပါမယ်)။ ဒါဆိုရင်တော့ ဒီပို့စ် ကိုပြန်ဖတ်ပြီး သေချာပြန်လုပ်ပေးပါ။

  အထက်ကအဆင့်ပြီးသွားပြီဆိုရင် အသုံးများတဲ့ Command လေးတွေတင်ပြပေးပါမယ်။


အခုဖေါ်ပြသွားမဲ့ ဥပမာများမှာ file.apk ဆိုတဲ့နေရာမှာ မိမိအသုံးပြုမဲ့ apk နာမည်ကိုထည့်ပေးရမှာပါ။ အဲဒီ apk က လက်ရှိ cmd ရဲ့ working directory ထဲမှာမရှိရင်တော့ apk ရှိမဲ့ directory ပါထဲ့ပေးရမှာပါ။
နောက်တချက်က တကယ်လို့များ Computer ပေါ်မှာ Emulator များ(ဥပမာ Bluestack, Android SDK Emulator) Run ထားမယ်ဆိုရင်တော့ adb -d ဆိုပြီးသုံးရပါမယ်။ 
   Application များကို Install လုပ်ခြင်း
install လုပ်ခြင်း              >adb install file.apk
install လုပ်ခြင်း              >adb -d install file.apk
install လုပ်ခြင်း              >adb -d install D:\folder\file.apk
SD သို့ install လုပ်ခြင်း     >adb install -s file.apk
re-install လုပ်ခြင်း          >adb install -r file.apk 
APK ဖိုင်များကို Install လုပ်ဖို့အတွက် adb install ဆိုတဲ့ command ကိုသုံးရမှာပါ။ SD Card မှာ Install လုပ်ချင်ရင်တော့ -s ဆိုတာလေးထဲ့ပေးရမှာပါ။ တကယ်လို့ install လုပ်ပြီးသား apk တစ်ခုကို ထပ် Install လုပ်ချင်တာဒါမှမဟုတ် update လုပ်ချင်တာဆိုရင်တော့ -r ဆိုတာလေးထည့်ပေးပါ။

   Application များကို Uninstall လုပ်ခြင်း
Application တွေကို Uninstall လုပ်မယ်ဆိုရင်တော့ အဲဒီ app ရဲ့ package နာမည်ကိုသိရပါမယ်။
uninstall လုပ်ခြင်း     > adb uninstall package_name

   Computer မှ File များ SD Card ပေါ်သို့ကူးခြင်း နှင့် SD Card ပေါ်မှကူယူခြင်း
ပထမဆုံး သိရမှာတော့ SD Card ထဲထည့်ချင်ရင် sdcard/ သို့ဟုတ် mnt/sdcard လို့သုံးနိုင်ပါတယ်။ Internal SD ထဲထည့်ခြင်ရင်တော့ mnt/sdcard2 လို့သုံးနိုင်ပါတယ်။
 form computer to sd-card > adb push file sdcard/
 from sd-card to computer > adb pull sdcard/file d:/

Phone ကို Reboot လုပ်ခြင်း
Phone ကို ပုံမှန် Reboot လုပ်နိုင်တဲ့အပြင် Recover Mode နဲ့ Bootloader Mode ကိုလဲဝင်နိုင်ပါတယ်။
သုံးရမဲ့ Command ကတော့
adb reboot
adb reboot recovery
adb reboot bootloader

အဲဒီအပြင် Shell command ကိုသုံးပြီးတော့ Android ဖုန်းထဲမှာရှိတဲ့ Program ကိုပါ Run နိုင်ပါတယ်။ ဒီအတွက်တော့ Intent ဆိုတဲ့ Android Program တွေရဲ့ Command တွေကိုသိရပါမယ်။
Shell သုံးပြီး Phone ခေါ်ခြင်း
adb shell command ကိုသုံးပြီး phone ခေါ်မယ်ဆိုရင် Phone Call Action ကိုစဖို့အတွက် Intent က android.intent.action.CALL ဖြစ်ပါတယ်။ 
adb shell am start -a android.intent.action.CALL -d tel:NO

adb shell am start -a android.intent.action.MUSIC_PLAYER ဆိုတဲ့ Command ကိုသုံးပြီး Phone ရဲ့ Music Player ကိုဖွင့်နိုင်ပါတယ်။
တခြားတခြားသော အသုံးဝင်တဲ့ Function တွေအများကြီးကို ADB ဖြင့် အသုံးပြုနိုင်ပါတယ်။

AAPT
aapt (android asset packaging tool) ဆိုတာကတော့ android package file (apk) တွေကို ဖန်တီးဖို့၊ apk တွေ information တွေကိုဖတ်ဖို့.Modified ပြုပြင်ဖို့သုံးလို့ရပါတယ်။
aapt ကိုအခြေခံပြီး ဖန်တီးထားတဲ့ APK Editor Software တွေနဲ့ apk file တွေကိုအလွယ်တကူပြုပြင်နိုင်ပါတယ်။ ဥပမာ။ APK EDIT, APK Manager
command line ကနေ aapt ကိုသုံးပြီး android information ကိုဖတ်နိုင်ဖို့
aapt d badging file.apk လို့ရိုက်လိုက်ပါ။ ဒါဆိုရင် ၄င်း apk file ရဲ့ Product Name, Package Name, Package Version, Version No, Permission တွေကိုတွေ့ရမှာဖြစ်ပါတယ်။

Fastboot
fastboot ကတော့ adb နဲမတူဘဲ phone ကိုဖွင့်ထားချိန်မှာသုံးမရဘဲ bootloader mode နဲ့ချိတ်ထားတဲ့အချိန်မှာသုံးရတာပါ။ သူ့ကိုအသုံးအများဆုံးကတော့ recovery image ကို Flash လုပ်တဲ့အချိန်မှာပါ။
flashing recovery image > fastboot flash recovery recovery.img
recovery.img ဆိုတဲ့နေရာမှာတော့ ကိုယ့်ဖုန်းနဲ့သင့်တော်မဲ့ recovery image file ကိုထည့်ပေးရမှာပါ။
အရင်ရှိပြီးသာ recover ကိုဖျက်ဖို့အတွက် > fastboot erase recovery ဆိုတဲ့ command ကိုသုံးနိုင်ပါတယ်။
update.zip ကိုလဲ fastboot ကနေပြီး Flash လုပ်နိုင်ပါတယ်။
fastboot update update.zip 
fastboot မှာလဲ reboot နဲ့ reboot-bootloader ဆိုတဲ့ Function တွေလဲပါပါတယ်။
fastboot reboot
fastboot reboot-bootloader

Fastboot ကလုပ်ဆောင်တဲ့လုပ်ငန်းစဉ်တွေက Phone ရဲ့ Firmware ကိုပါ ထိခိုက်နိုင်တဲ့ မိမိဘာလုပ်နေတယ်ဆိုတာကိုသေချာသိမှလုပ်ပါလို့ သတိပေးခြင်ပါတယ်။
DO IT AT YOUR OWN RISK

No comments:

Post a Comment