ကိုယ့် ကွန်ပျူတာက D:\ drive, E:\ drive တွေကို သူများမမြင်စေလိုရင် ဖျောက်ထားလို့ရပါတယ်။ အလွယ်တကူလည်း ပြန်ဖော်လို့ ရပါတယ်။ အောက်ပါအတိုင်း အဆင့် အနည်းငယ်နဲ့ စမ်းသပ်ကြည့်ပါ။
ဖျောက်မယ်။
ဖျောက်မယ်။
- ကီးဘုတ်က Windows Key + R Key ကိုတွဲနှိပ်ပြီး Run Box ကို ခေါ်ပါ။
- Run box ထဲမှာ cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။
- cmd ပွင့်လာရင် diskpart လို့ ရိုက်ပြီး Enter ခေါက်ပါ။
- ပြီးရင် list volume လို့ ထပ်ရိုက်ပြီး Enter ခေါက်ပါ၊ အဲ့ဒိ အခါမှာ Volume Number နဲ့ Drive တွေရဲ့ Drive letter တွေကို တွေ့ရမှာပါ။
- ကိုယ်ဖျောက်လိုတဲ့ Drive က D:\ ဆိုရင် နံပါတ် ၂ မှာ တွေ့ရမှာပါ၊ E:\ ဆိုရင် နံပါတ် ၃ ဖြစ်မှာပါ။
အခု D drive ကိုဖျောက်မှာ ဖြစ်တဲ့ အတွက် select volume 2 လို့ ရိုက်ထည့်လိုက်ပါတယ်။
D drive ကို ရွေးချယ်ပြီးသွားပါပြီ။ - နောက်ဆုံး အနေနဲ့ remove letter D လို့ ရိုက်ပြီး Enter ခေါက်ပါ။ D drive ပျောက်သွားပါပြီ။
ပြန်ဖော်မယ်။
ပြန်ဖော်မယ်ဆိုရင် အထက်ပါ အဆင့်တွေ ထဲက အဆင့် (၅) အထိ ပြန်လုပ်ပါ။
ပြီးတဲ့ နောက် assign letter D လို့ ရိုက်ပြီး Enter ခေါက်ပါ။ D ဆိုတဲ့ နေရာမှာ ကိုယ်ရွေးချယ်ထားတဲ့
Drive ရဲ့ နာမည်ကို ထည့်ရမှာနော်။ ခုနက ဖျောက်ထားတဲ့ Drive ပြန်ပေါ်လာပါပြီ။
No comments:
Post a Comment